Thursday 24 February 2011

အလှလမ်းညွှန်(မျက်လုံး,ဆံပင်,အသားအရေ,ခြေသည်းလက်သည်း)

အသားအရေအတွက်
ကန်စွန်းဥမှာ ဗီတာမင်အေ ကြွယ်ကြွယ်၀၀ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အိုစာခြင်း နဲ့ အရေတွန့်ခြင်းကို ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူစားရင် အရေတွန့်တာကို သက်သာစေပါတယ်။
ခန္ဓာကိုယ်ကျန်းမာဖို့ နဲ့ အသားအရေ နုပျိုလှပဖို့ နေ့စဉ် ရှစ်နာရီ အိပ်သင့်ပါတယ်။
အသားအရေ နုပျိုလှပဖို့ နေ့စဉ်ပုံမှန် ကာယလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကာယလေ့ကျင့်ခန်း လုပ်တဲ့အခါမှာ အသားအရေ စိုပြေအောင်လုပ်ပေးတဲ့ အောက်စီဂျင် ရရှိပါတယ်။
အသက်အရွယ် ကြီးလာလို့ အရေးဖျားမှာ အစက်အပျောက် ထင်လာတာကို လေဆာရောင်ခြည် ကုထုံးနဲ့ ဖယ်ရှားပစ်နိုင်ပါတယ်။
စိတ်ဖိစီးမှု နဲ့ ဆေးလိပ်သောက်ခြင်းဟာ အသားအရေကို အိုစာစေပါတယ်။

ခြေသည်းလက်သည်းအတွက်
လတ်ဆတ်တဲ့ မုန်လာဥ အရည်မှာ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖောရပ် ကြွယ်ကြွယ်၀၀ ပါဝင်ပါတယ်။ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖောရပ်တို့ဟာ ခြေသည်းလက်သည်း လှပအောင် အားပေးပါတယ်။
ခြေသည်းလက်သည်းတွေကို သပ်သပ်ရပ်ရပ် ဖြတ်ညှပ်ပါ။ ခြေသည်းလက်သည်း တစ်လက်မထက် ပိုရှည်မယ်ဆိုရင် သန့်ရှင်းအောင် ဂရုစိုက်ပေမယ့် ဘက်တီးရီယားတွေ ခိုအောင်းရာ ဖြစ်တတ်ပါတယ်။ မှိုလည်း စွဲတတ်ပါတယ်။
လက်သည်းကို လက်နက်ကိရိယာအဖြစ် ဘယ်တော့မှ အသုံးမပြုပါနဲ့။

မျက်လုံးအတွက်
အားလူသီးအစိမ်း နဲ့ သခွားသီးအစိမ်းကို ပါးပါးလှီးပြီး မျက်ခမ်းအောက်မှာ ကပ်ခြင်းအားဖြင့် မျက်ရစ်မည်းတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
မာ့စကာ သုံးတယ်ဆိုရင် အိပ်ယာမ၀င်ခင် မျက်နှာပြောင်အောင်သစ်ပါ။
မျက်ခုံးမို့တယ်ဆိုရင် သတ္တူဇွန်းကို ရေအေးအေးဖျန်းပြီး ဇွန်းဖင်နဲ့ မျက်လုံးတစ်ဝိုက်မှာ ညင်ညင်သာသာ ပွတ်ပါ။
ဆားလေးတဲ့ အစားအစာကို စားသုံးခြင်းဟာ မျက်ခမ်းရောင်စေတတ်ပါတယ်။ မျက်ထောက်နီစေတတ်ပါတယ်။

 ဆံပင်အတွက်
ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံတယ်ဆိုရင် လေမှုတ်စက်ကို ဆံပင်နဲ့ အနည်းဆုံး ခြောက်လက်မ အကွာမှာ ထားပြီး မှုတ်ပါ။ ဆံပင်မှာ အပူမသင့်အောင် စက်ကို ဖြည်းဖြည်းမှန်မှန် ရွှေ့ပေးပါ။
ဆံပင် မခြောက်ခင် ဘီးမဖီးပါနဲ့။ စိုနေချိန်မှာ ဆံပင်ဟာ နူးညံ့နေတဲ့အတွက် ထိခိုက် ပျက်စီးလွယ်ပါတယ်။
ဦးခေါင်းရေကို ညင်ညင်သာသာ ဖိနှိပ်ပေးခြင်းအားဖြင့် ဦးခေါင်းဆီ သွေးလှည့်ပတ်မှု ရောက်အောင်လုပ်ပေးပြီး ဆံပင်ပေါက်ပွားနှုန်းကို မြှင့်ပေးနိုင်ပါတယ်။
ဆံပင်သန်အောင် ပင်လယ်စာ များများစားပါ။   
အကြင်နာနန်းတော် မှမျှဝေပါသည်။

No comments:

Post a Comment