Thursday, 24 February 2011
အရေပြားတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံ
အရေပြားတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါပုံ
ဘယ်လောက်ပဲလှတဲ့သူဖြစ်နေပါစေ အသားရေမလှဘူးဆိုရင်လည်း မပြည့်စုံပါဘူး။ အသားအရေထိန်းသိမ်းတာဟာလည်း အမျိုးသားရော အမျိုးသမီးအတွက်ပါ အရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း သိထားသင့်ပါတယ်။ဒါကြောင့် ဖရန့်စတားမန်ဘာများကို ကောင်မလေးဖတ်ရသမျှတွေကို ဝေငှလိုက်ပါတယ်နော်။
အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ အလွှာပါ။ လူတစ်ယောက်အတွက် ခန္ဓာကိုယ်ရဲ့အတွင်းမှာရှိတဲ့ အင်္ဂါရပ်တွေ အမျာကြီးကို သူ ကာကွယ်ပေးထားပါတယ်။ အဲ့ဒါကအရေးကြီးတဲ့အချက်ပါပဲ။ နောက်တစ်ခုက ခန္ဓာကိုယ်ထဲဝင်ရောက်မယ့် ပိုးမွှား၊ ဗက်တီးရီးယားစတဲ့ပိုးတွေကို သူကပဲ ကာကွယ်ပေးသလို ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုလည်း အရေပြားကပဲထိန်းထားပေးပါတယ်။ အရေပြားဟာ လူတစ်ယောက်ရဲ့ ဥပဓိရုပ်ကို လှပဖို့တင်မဟုတ်ပဲ ခန္ဓာကိုယ်ရဲ့အသက်ရှင်ခြင်းနဲ့ ကြံခိုင်မှုအတွက်ပါ ကာကွယ်ပေးထားပါတယ်။ ကျန်းမာရေးအတွက် အပူအအေးတွေထိန်းထားပေးပါတယ်။ အရေပြားဆိုတဲ့နေရာမှာ လက်သည်း၊ ခြေသည်း၊ ဆံပင် အဲ့ဒါတွေပါအကျုံးဝင်ပါတယ်။
နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့အရေပြား
နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်တွေရှိပါတယ်။ အဲ့ဒီမှာ a,b,c ဆိုပြီး ရှိကြပါတယ်။ c ကတော့ အိုဇုန်လွှာကြီးက ကာထားတော့ ကမ္ဘာမြေပြင်ကို မရောက်ပါဘူး။ b နဲ့ a တို့ကရောက်ပါတယ်။ ဒီ a နဲ့ b တို့ကလူ့ရဲ့အရေပြားကို ပျက်စီးစေပါတယ်။b ဆိုရင်အရေပြားကင်ဆာတောင်ဖြစ်နို
င်ပါတယ်။ ဒါပေမယ့် အရေပြားကြောင့် ပျက်စီးတာက ဘာလဲဆိုရင် အရေပြားနဲ့အောက်လွှာမှာရှိတဲ့ အမျှင်တွေပေါ့။ အဲဒါတွေ ပျက်စီးသွားရင် အရွယ်မတိုင်ခင်အိုမင်းမယ်။ ပါးရေနားရေတွေ စောစောစီးစီးတွန့်မယ်။ အချိန်မတိုင်ခင် အိုစာတဲ့ရုပ်ပေါက်မယ်။ နောက်တစ်ခုက အရေပြားပေါ်မှာ တင်းတိပ်လိုဟာတွေ၊ အညိုကွက်တွေ၊ အမည်ကွက်းတွေ၊ နေလောင်ကွက်စတာတွေ အကုန်ဖြစ်နိုင်ပါတယ်။ ဒါကတော့ တဖြည်းဖြည်းချင်း ပျက်စီးလာတာတွေပါ။ နေရောင်ခြည်ကြောင့်ပျက်စီးတာဟာ ရေရှည်ရှိတယ်။ ရေတိုရှိတယ်။ နေရောင်ခြည်နဲ့မတည့်လို့ နေလောင်တာတွေရှိတယ်။ ချက်ချင်းနေလောင်ပြီး ယားတာတွေဖြစ်တတ်တယ်။ အဲ့ဒါကရေတိုပေါ့။ ရေရှည်ကြတော့ ခုနကပြောသလို အရေပြားကတဖြည်းဖြည်းချင်းပျက်စီးသွားပြီး အရွယ်မတိုင်ခင် ပါးရေနားရေတွေတွန့်မယ်။ အရေးအကြောင်းတွေပေါ်လာမယ်။ မည်းလာတယ်။ အရေပြားက ထူလာတယ်။ အဲ့ဒါတွေက ရေရှည်ပျက်စီးတာပေါ့။ နေပူထဲအလုပ်လုပ်တဲ့ သူတစ်ယောက်နဲ့ နေရိပ်ထဲအလုပ်လုပ်တဲ့သူတစ်ယောက်က အသားရေကို ကြည့်လိုက်တာနဲ့သိတယ်။ အသက်ချင်းတူပေမယ့် အရေပြားချင်းမတူပါဘူး။ တချို့က အသက်မေးလိုက်ရင်ငယ်ငယ်လေးပဲရှိသေးတယ်။ ဒါပေမယ့် နေပူထဲမှာ အလုပ်လုပ်ရတာကြောင့် အရေပြားပျက်စီးတာပေါ့။ ဒါကြောင့်နေရိပ်ထဲအလုပ်လုပ်ရတဲ့သူနဲ့ လယ်တောထဲက နေပူထဲ အလုပ်လုပ်ရတဲ့သူ အသားအရေဟာ ဘယ်လိုမှ ညှိလို့မရပါဘူး။
သေချာပါတယ် သူ.ကိုချစ်မိသွားလို.
၁။ ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ
> အိပ်မပျော်ခင်သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင်
> သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။
> ၂။ အားလပ်တဲ့အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင်
> ဘယ်လိုလေးတွေလုပ်မယ်ဆိုတဲ့ အတွေးလေးရှိနေတာလည်း
> သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။
> ၃။ သူနဲ့ပတ်သတ်သမျှအ၇ာအားလုံးကို နေ့ တိုင်း
> နေ့တိုင်း ဂရုစိုက်အလေးထားတယ်ဆိုရင်လည်း
> သေချာပါတယ် ... သူ့ကိုချစ်မိသွားလို့ပဲ။
> ၄။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေကိုယ့်ဖုန်းကိုဖွင့်
> ထားပြီး သူ့ဆီက Message ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင်
> သူ့ကိုချစ်မိသွားလို့ပဲ။
> ၅။ သူနဲ့အတူ နှစ်ယောက်တည်းစကားပြောရတာကို
> နှစ်သက်တယ်ဆိုရင် သူ့ကိုချစ်မိသွားလို့ပဲ။
> ၆။ အတူရှိနေတဲ့အချိန် သူ့ကိုဂရုမစိုက်ချင်ဟန်ဆောင်နေပေမယ့်
> ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပြင်းလိုက်ရှာတတ်တာ
> သူ့ကိုချစ်မိသွားလို့ပဲ။
> ၇။ သူ ဖျားနေရင်း ထိခိုက်ဒဏ်ရာရလာရင် လိုတာထက်ပိုစိုးရိမ်မိရင်
> သူ့ကိုချစ်မိသွားလို့ပဲ။
> ၈။ တခြားလူအပေါ် သူ စေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ
> မနာလိုသ၀န်တိုမိရင် သူ့ကိုချစ်မိသွားလို့ပဲ။
> ၉။ သူ့ရဲ့ ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
> လိုက်တွန့်နေ၇င် သူ့ကိုချစ်မိသွားလို့ပဲ။
> ၁၀။ သူ့အကြောင်း သူ့သတင်းတွေကို အမြဲနားစွင့်နေတတ်ရင်လည်း
> သူ့ကိုချစ်မိသွားလို့ပဲ။
> ၁၁။ သူပေးတဲ့လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ်ဆိုရင်လည်း
> သူ့ကိုချစ်မိသွားလို့ပဲ။
> ၁၂။ သူနဲ့ Chat နေရင်း offline ဖြစ်သွားမှာကို စိုးရိမ်နေတယ်ဆိုရင်တော့
> သေချာပါတယ်။
> သူ့ကိုချစ်နေလို့ပါပဲ။
ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ
ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ
ရှပ်ထွေးပွေလီစွာ သွားလာနေကြတဲ့ ကားရောင်စုံတွေအတွက် လမ်းပိတ်ဆို့မှုမဖြစ်အောင် ပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းလွှဲစနစ်များအကြောင်းကိုကျွ
န်တော်တို့လေ့လာကြည့်ကြရအောင် ။ ၀ိုး...ခေတ်မှီ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကြောစနစ်တွေက အံမခန်းဖွယ်ရာပါပဲ ။ စက်ဝိုင်းသဏ္ဍာန်တံတားကြီးတွေနဲ့ အကွေ့အကောက်လမ်းမတွေ အရာအားလုံးဟာ သေသပ်လှပစွာနဲ့ ဂျပန်နိုင်ငံရဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပြသလို့နေပါတယ် ။ မိုးထိမြင့်တဲ့အဆောက်အဦးတွေကြားမှာ အကွေ့အကောက်များတဲ့ တံတားတွေက ကောင်းကင်ယံကနေဖြာဆင်းနေသလိုပါပဲ ။
တိုကျိုမြို့မှကမ္ဘာ့ပထမဆုံးမှန်ပြဒါးအပူချိန်တိုင်းကိရိယာ
တိုကျိုမြို့မှကမ္ဘာ့ပထမဆုံးမှန်
ပြဒါးအပူချိန်တိုင်းကိရိယာ
တိုကျိုမြို့မှာ ပြသခဲ့တဲ့ Thermo Mirror လို့ခေါ်တဲ့ မှန်ပြဒါးအပူချိန်တိုင်း နည်းပညာကို NEC Infrared Technologies အရ ကမ္ဘာ့ပထမဆုံး စမ်းသပ် ထုတ်လုပ် ခဲ့ပါတယ် ။ ဒီကိရိယာဟာ အသုံးပြုသူရဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိတွေ့စရာမလိုပဲ အာရုံခံနည်းပညာအသုံးပြီး တိတိကျကျ အပူချိန်ကို ဖော်ပြပေးမှာဖြစ်ပါတယ် ။ ထိတွေ့မှု Physical contact နည်းသွားတဲ့အတွက် အနာဂါတ်အတွက်တော့ အကျိုးရှိမယ့် နည်းလမ်းတစ်ခုပါပဲ ။
အလှလမ်းညွှန်(မျက်လုံး,ဆံပင်,အသားအရေ,ခြေသည်းလက်သည်း)
အသားအရေအတွက်
ကန်စွန်းဥမှာ ဗီတာမင်အေ ကြွယ်ကြွယ်၀၀ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အိုစာခြင်း နဲ့ အရေတွန့်ခြင်းကို ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူစားရင် အရေတွန့်တာကို သက်သာစေပါတယ်။
ခန္ဓာကိုယ်ကျန်းမာဖို့ နဲ့ အသားအရေ နုပျိုလှပဖို့ နေ့စဉ် ရှစ်နာရီ အိပ်သင့်ပါတယ်။
အသားအရေ နုပျိုလှပဖို့ နေ့စဉ်ပုံမှန် ကာယလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကာယလေ့ကျင့်ခန်း လုပ်တဲ့အခါမှာ အသားအရေ စိုပြေအောင်လုပ်ပေးတဲ့ အောက်စီဂျင် ရရှိပါတယ်။
အသက်အရွယ် ကြီးလာလို့ အရေးဖျားမှာ အစက်အပျောက် ထင်လာတာကို လေဆာရောင်ခြည် ကုထုံးနဲ့ ဖယ်ရှားပစ်နိုင်ပါတယ်။
စိတ်ဖိစီးမှု နဲ့ ဆေးလိပ်သောက်ခြင်းဟာ အသားအရေကို အိုစာစေပါတယ်။
ခြေသည်းလက်သည်းအတွက်
လတ်ဆတ်တဲ့ မုန်လာဥ အရည်မှာ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖောရပ် ကြွယ်ကြွယ်၀၀ ပါဝင်ပါတယ်။ ကယ်လ်စီယမ် နဲ့ ဖော့စ်ဖောရပ်တို့ဟာ ခြေသည်းလက်သည်း လှပအောင် အားပေးပါတယ်။
ခြေသည်းလက်သည်းတွေကို သပ်သပ်ရပ်ရပ် ဖြတ်ညှပ်ပါ။ ခြေသည်းလက်သည်း တစ်လက်မထက် ပိုရှည်မယ်ဆိုရင် သန့်ရှင်းအောင် ဂရုစိုက်ပေမယ့် ဘက်တီးရီယားတွေ ခိုအောင်းရာ ဖြစ်တတ်ပါတယ်။ မှိုလည်း စွဲတတ်ပါတယ်။
လက်သည်းကို လက်နက်ကိရိယာအဖြစ် ဘယ်တော့မှ အသုံးမပြုပါနဲ့။
မျက်လုံးအတွက်
အားလူသီးအစိမ်း နဲ့ သခွားသီးအစိမ်းကို ပါးပါးလှီးပြီး မျက်ခမ်းအောက်မှာ ကပ်ခြင်းအားဖြင့် မျက်ရစ်မည်းတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
မာ့စကာ သုံးတယ်ဆိုရင် အိပ်ယာမ၀င်ခင် မျက်နှာပြောင်အောင်သစ်ပါ။
မျက်ခုံးမို့တယ်ဆိုရင် သတ္တူဇွန်းကို ရေအေးအေးဖျန်းပြီး ဇွန်းဖင်နဲ့ မျက်လုံးတစ်ဝိုက်မှာ ညင်ညင်သာသာ ပွတ်ပါ။
ဆားလေးတဲ့ အစားအစာကို စားသုံးခြင်းဟာ မျက်ခမ်းရောင်စေတတ်ပါတယ်။ မျက်ထောက်နီစေတတ်ပါတယ်။
 ဆံပင်အတွက်
ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံတယ်ဆိုရင် လေမှုတ်စက်ကို ဆံပင်နဲ့ အနည်းဆုံး ခြောက်လက်မ အကွာမှာ ထားပြီး မှုတ်ပါ။ ဆံပင်မှာ အပူမသင့်အောင် စက်ကို ဖြည်းဖြည်းမှန်မှန် ရွှေ့ပေးပါ။
ဆံပင် မခြောက်ခင် ဘီးမဖီးပါနဲ့။ စိုနေချိန်မှာ ဆံပင်ဟာ နူးညံ့နေတဲ့အတွက် ထိခိုက် ပျက်စီးလွယ်ပါတယ်။
ဦးခေါင်းရေကို ညင်ညင်သာသာ ဖိနှိပ်ပေးခြင်းအားဖြင့် ဦးခေါင်းဆီ သွေးလှည့်ပတ်မှု ရောက်အောင်လုပ်ပေးပြီး ဆံပင်ပေါက်ပွားနှုန်းကို မြှင့်ပေးနိုင်ပါတယ်။
ဆံပင်သန်အောင် ပင်လယ်စာ များများစားပါ။   
အကြင်နာနန်းတော် မှမျှဝေပါသည်။
ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ CHICKEN SOUP FOR THE SOUL
ဆပ်ကပ်
လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ
အကောင်းဆုံး အစိတ်အပိုင်းဆိုတာ
မကြီးကျယ်တဲ့၊အမည်မဖော်တဲ့၊အမှ
တ်တရပြုမနေတဲ့
အကြင်နာ၊မေတ္တာ အပြုအမူလေးများပါ။
    ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေနှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက် လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီသည့်နောက်တွင် လက်မှတ်ပေါက်နှင့် ကျွန်တော်တို့ကြားမှာ မိသားစုတစ်ခုသာ ကျန်လေသည်။
    သည်မိသားစုကိုကြည့်ပြီး ကျွန်တော် သဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက်ပါသည်။ တစ်ယောက်မျှ ၁၂ နှစ်ပြည့်သေးပုံမရ။ သူတို့အသွင်အပြင်တွေ ကြည့်ယုံဖြင်ပင် ငွေကြေး ပြည့်ပြည့်စုံစုံထဲက မဟုတ်ကြောင်း သိနိုင်သည်။ အ၀ိတ်အစားတွေက အဖိုးတန်ထဲက မဟုတ်။ သို့သော် သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာ ယဉ်းသည်။ မိဘများနောက်မှာ နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီးတန်းစီနေကြသည်။ သို့သော်နှုတ်ကမူ ညဘက်တွင် သူတို့ကြည့်ရမည့် ဆပ်ကပ်လူပျက်များ၊ ဆင်လိမ္မာများနှင့် အခြာပြကွက်များအကြောင်းကို အားတတ်တရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမျာ ဆပ်ကပ်ပွဲ တစ်ခါမျှ  ကြည့်ဖူးကြဟန် မတူ။ သည်ညကတော့ သူတို့ဘသမှာ တကယ့်အမှတ်တရည ဖြစ်တော့မည့် ပုံမျိုး။
    အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက် ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။ ကလေးတွေ၏ မိခင်ကခင်ပွန်းသည်၏ လက်ကိုကိုင်လျက် သူ့မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေပုံမှာ 'မေ့ချစ်သူလူစွမ်းကောင်းကြီး' ဟုနှုတ်ခွန်းဆက်နေဘိအလား အထင်ကြီးမှု။၊ လေးစားမှု လက္ခာဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း'အားကိုးစမ်းပါ အချစ်ရယ်' ဟုခွန်းတုံ့ပြန်နေသည့်နှယ် ဂုဏ်ယူသော အပြုံးနှင့်ချစ်ကြည်နူးစွာ ကြည့်သည်။
    သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား လက်မှတ် ဘယ်နှစ်စောင်ယူမလဲ လို့လှမ်းမေးသည်။
    'ကျွန်တော် ကလေးလက်မှတ် ရှစ်စောင်နဲ့ လူကြီးလက်မှတ် နှစ်စောင် လိုချင်ပါတယ်၊ အဲဒါမှ ကျွန်တော်တို့ တစ်မိသားစုလုံး လာလို့ရမှာ' သူက တက်တက်ကြွကြွပင် ဖြေသည်။
    အမျိုးသမီးက လက်မှတ်ခ နှုန်းထားများကို လှမ်းပြောသည်။
    ဇနီးသည်က သူ့ခင်ပွန်းသည်၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်း ငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာသည်. သူရှေ့သို့ အနည်းငယ် တိုးကာ "ဘယ်လောက်ဗျာ" ဟူ၍မေးသည်။
    လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းထားများကို ထပ်ပြောသည်။
    အဖေလုပ်သူမှာ ပိုက်ဆံ အလုံအလောက် မပါ။
    သို့သော် သည်အချိန်ကိမှ သူ နောက်ဘက် လှည့်ကာ ကလေးတွေကို အဖေ့မှာ ပိုက်ဆံ အလုံအလောက်မပါလို့ သည်ည ဆပ်ကပ်ကြည့်နိုင်မှာ မဟုတ်ဟုဘယ်သို့ ပြောထွက်နိုင်ပါမည်နည်း။
    ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့်အဖေကအင်္ကျိအိတ်ထဲ လက်နှိုက်သည်။ ဒေါ်လာ ၂၀ တန် တစ်ရွက် ထုတ်လာပြီးနောက် မြေကြီးပေါ် အသာပစ်ချသည်။ (ကျွန်တော်တို့လည်း ချမ်းသာသူများ မဟုတ်ကြောင်းကြားဖြတ်ပြောလိုပါသည်။) ထို့နောက် အဖေပဲ သည်ပိုက်ဆံကို ပြန်ကောက်ကာ ကလေးဖခင် ပခုံးကိုသွားပုတ်ပြီး ပြောသည်။ "ဒီမှာခင်ဗျ၊ စောစောက ခင်ဗျားအိတ်ထဲက ထွက်ကိသွားတယ်"
    အဖေဘာလုပ်နေသည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သူ့ဆီမှာမှ သူလက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော် သည်လိုအသည်းအသန် အရေးတကြီးအချိန်၊ ဖခင်တစ်ယောက်အနေနှင့်အရှက်ကြီး ရှက်ရမည့် အဖြစ်မျိုး ကြုံအံ့ဆဲဆဲ အချိန်တွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ဘဲကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူ စူးစိုက်၍ကြည့်သည်။ ဒေါ်လာ ၂၀ တန်ကိုင်ထားသော အဖေ့လက်ကို သူ့လက်နှစ်ဖက်နှင့်ဖျစ်ညှစ်ဆုပ်ကိုင်ကာ တုန်ယင်သော နှုတ်ခမ်းများဖြင့် ကျေးဇူးတင်စကား ဆိုသည်။
    "ကျေးဇူးတင်ပါတယ်ခင်ဗျာ တကယ့်ကို ကျေးဇူးပါပဲ၊ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ" သည်လိုပြောရင်း သူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက် လိမ့်ဆင်ကျလာသည်။
    အဖေနှင့်ကျွန်တော် ကားဆီ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ အဲသည်ည ဆပ်ကပ်ပွဲသို့ ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည်အချည်းနှီးတော့ လုံးဝ မဟုတ်ခဲ့ပါ။
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော် .....
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော် .....
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်           
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)
တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။
အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝင်တယ်။
ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ
အမြင့် ၇၁ မီတာ။
ပခုံးအကျယ် ၂၈ မီတာ။
မျက်နှာတော် အရှည် ၁၄.၇ မီတာ နဲ့ မျက်နှာပြင်အကျယ် ၁၀ မီတာ။
နားရွက်တော် ၈.၅ မီတာအရှည်။
မျက်လုံးတော် ဘေးအကျယ်၃.၃ မီတာ။
လက်ခလယ် တစ်ချောင်းတည်းရဲ့ အရှည်ဟာ ၈.၃ မီတာ။
ခြေဖဝါးတော် ၁၁ မီတာ ရှည်ပြီး ဘေးအကျယ် ၈.၅ မီတာ။
တရုတ်နိုင်ငံ " တန် " မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာစတင် ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်တယ်။ ခေတ်အဆက်ဆက် မင်း နဲ့လူတွေ ထိမ်းသိမ်းလာခဲ့ တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပါပြီ။
လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ အပင်တွေ ဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ " ကမ္ဘာ့ ယဉ်ကျေးမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ " ဆိုက်တစ်ခုအဖြစ် စာရင်းသွင်းခဲ့တယ်။
ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)
တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။
အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝင်တယ်။
ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ
အမြင့် ၇၁ မီတာ။
ပခုံးအကျယ် ၂၈ မီတာ။
မျက်နှာတော် အရှည် ၁၄.၇ မီတာ နဲ့ မျက်နှာပြင်အကျယ် ၁၀ မီတာ။
နားရွက်တော် ၈.၅ မီတာအရှည်။
မျက်လုံးတော် ဘေးအကျယ်၃.၃ မီတာ။
လက်ခလယ် တစ်ချောင်းတည်းရဲ့ အရှည်ဟာ ၈.၃ မီတာ။
ခြေဖဝါးတော် ၁၁ မီတာ ရှည်ပြီး ဘေးအကျယ် ၈.၅ မီတာ။
တရုတ်နိုင်ငံ " တန် " မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာစတင် ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်တယ်။ ခေတ်အဆက်ဆက် မင်း နဲ့လူတွေ ထိမ်းသိမ်းလာခဲ့ တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပါပြီ။
လီရှန်မြစ်ဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေ ဟာလည်းဘဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ အပင်တွေ ဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်မှာ ယူနစ်စကို အဖွဲ့ကြီးရဲ့ " ကမ္ဘာ့ ယဉ်ကျေးမှု နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ " ဆိုက်တစ်ခုအဖြစ် စာရင်းသွင်းခဲ့တယ်။